ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA)၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် မြန်မာ့ရုပ်သေးပြပွဲ ကို မြန်မာ့ယဉ်ကျေးမှုဂုဏ်ကို မြှင့်တင်ခြင်းနှင့် ရုပ်သေးအနုပညာကို ထိန်းသိမ်းရန် ရည်ရွယ်၍ အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ပါသည်–
နေ့ရက် – ၉-၁၁-၂၀၂၅ (တနင်္ဂနွေနေ့)
⏰ အချိန် –
- နံနက်ပိုင်းပြပွဲ – နံနက် ၁၀:၃၀ နာရီ မှ ၁၂:၃၀ နာရီအထိ
- ညနေပိုင်းပြပွဲ – ညနေ ၃:၀၀ နာရီ မှ ၅:၀၀ နာရီအထိ
- စျေးရောင်းပွဲတော်ချိန်- နံနက် ၈ နာရီမှ ည ၇ နာရီအထိ
- နေရာ – The Secretariat Yangon (Victoria Grand Ballroom), ဝန်ကြီးများရုံး
- အဆိုပါပြပွဲတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီများ၊ ညီနောင်အသင်းများ၊ နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် အများပြည်သူများအား ဖိတ်ကြားထားပြီး လာရောက်ကြည့်ရှုမည် ဖြစ်ပါသည်။
- အသင်းဝင်များအနေဖြင့် မိမိတို့ရောင်းချလိုသည့် ကုန်ပစ္စည်းများ၊ ခရီးစဉ်များ၊ လေယာဉ်လက်မှတ်များ စသည်တို့ကို ကောင်တာများ ဖြင့် ရောင်းချနိုင်ရန် စီစဉ်ထားပါသည်–
ကောင်တာအရွယ်အစား – ၆ ပေ × ၃ ပေ
ကောင်တာတစ်လုံးလျှင် – ကျပ် ၂၀၀,၀၀၀/-
- ရုပ်သေးပြပွဲ ဝင်ခွင့်လက်မှတ် –
တစ်စောင် – ကျပ် ၂၅,၀၀၀/-
၁၀ စောင် ဝယ်ယူပါက (၁) စောင် အခမဲ့ ပေးအပ်မည်
ကျောင်းသားများအတွက် အထူးဈေးနှုန်း – ကျပ် ၂၀,၀၀၀/-
(UMTA ရုံးတွင် ဝယ်ယူနိုင်ပါသည်)
- အသေးစိတ်အချက်အလက်များ သိရှိလိုပါက –
၀၉-၂၀၀၅၆၄၈, ၀၉-၅၁၉၆၉၃၆, ၀၉-၅၁၇၀၄၅၆ သို့ ဆက်သွယ်နိုင်ပါသည်။


