









၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် “Myanmar Traditional Marionette Puppet Show နှင့် ဈေးရောင်းပွဲတော်” ဖွင့်ပွဲအခမ်းအနားကို The Secretariat Yangon (Victoria Grand Ballroom) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) မှ ဦးခင်ဇော် (နာယကကြီး)၊ အထွေထွေအတွင်းရေးမှူး ဒေါ်မေသက်လွင်၊ တွဲဖက်အတွင်းရေးမှူး (၂) နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ (IR Committee) ဥက္ကဌ ဦးကျော်ဝင်းထွန်း၊ တွဲဖက်ဘဏ္ဍာရေးမှူး(၁) ဒေါ်ခင်မေမေအေး၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ချောချောကြေးမုံ၊ဒေါ်နှင်းဝတ်ရည်၊ ဒေါ်အိမ့်ကြာဖြူ၊ IR ကော်မတီဝင်များ၊ ညီနောင်အသင်းများမှ ဥက္ကဌနှင့်အတွင်းရေးမှူးများ၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ တတ်ရောက်ခဲ့ကြပါသည်။
ဖွင့်အခမ်းအနားကို “ထီးမူနန်းဟန်ဇာတိမာန်” အနုပညာဖျော်ဖြေမှုဖြင့် စတင်ပြီး၊ ညွန်ကြားရေးမှူးချုပ်ဦးမောင်မောင်ကျော်မှ အမှာစကားပြောကြားပြီး နိုင်ငံတကာဆက်ဆံရေး ကော်မတီ(IR Committee) ဥက္ကဌ ဦးကျော်ဝင်းထွန်းမှ ရုပ်သေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် ယဉ်ကျေးမှုတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခဦးရွှေကြည်မှ ရုပ်သေးသမိုင်းကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်အား မတိမ်ကောမပပျောက်စေရန်အတွက် ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး လူနှင့်ရုပ်သေးယှဉ်တွဲဖျော်ဖြေမှုများ၊ ရုပ်သေးပွဲသီးသန့်အစီအစဉ်များ၊ ရွှေပြည်သိဂ်ါ အနုပညာအဖွဲ့၏ တင်ဆက်ကပြမှုများ၊ မြန်မာ့ရိုးရာတူရိယာဖြစ်သည့် ပတ္တလား၊ စောင်းတို့ဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် ရုပ်သေးပွဲစဉ်များကိုဆက်လက်ကျင်းပခဲ့ရာ လက်မှတ်ဝယ်ယူ အားပေးသော အသင်းဝင်ခရီးသွား ကုမ္ပဏီများ၊ အဖွဲ့အစည်းအသီးသီးမှလူပုဂ္ဂိုလ်များ၊ International School များမှ ကျောင်းသားကျောင်းသူများ၊ ပြင်ပမှဝယ်ယူထားသူများအပါအဝင် မနက်ပိုင်းပြပွဲနှင့် ညနေပိုင်းပြပွဲ (၂)ချိန်အတွင်း (၇၀၀)ဦးခန့် အားပေးကြည့်ရှုခဲ့ကြပါသည်။
Sponsor များအနေဖြင့် Gold Sponsor – Agro Green Land၊ Silver Sponsors – Brainworks International School, Sprout & Sweet Bakery, ပုလဲ99 Dental Center, Octa-Biz တို့မှပံ့ပိုးကူညီပေးခဲ့ကြပြီး အမှတ်တရ Trophy ပေးအပ်ခဲ့ပါသည်
ပြပွဲတွင် Lucky Treasure ခရီးသွားလုပ်ငန်း၊ Day to Day Myanmar ခရီးသွားလုပ်ငန်း၊ Chin Villageခရီးသွားလုပ်ငန်း၊ Htoo ခရီးသွားလုပ်ငန်း၊ Khaing Parami ခရီးသွားလုပ်ငန်း၊ Neo Gallant ခရီးသွားလုပ်ငန်း၊ Myanmar Visa Services Company Limited , Green Banana Myanmar တို့မှ ဈေးရောင်းပြခန်းများ ဝင်ရောက် ပြသခဲ့ပါသည်။
Collaboration for Cultural Promotion
✨ UMTA မှ မြန်မာ့လက်မှုအနုပညာအသင်းမှ ဒု-ဥက္ကဌ (၁) ဦးမောင်မောင်အောင်နှင့် UMTA မှအထွေထွေအတွင်းရေးမှူး ဒေါ်မေသက်လွင်တို့က အသင်း ၂ သင်းအကြား MOU လက်မှတ်ရေးထိုးအခမ်းအနားကိုလည်း ပွဲအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယဉ်ကျေးမှုအမွေအနှစ်များအား ပိုမိုတိုးတက်အောင် ပူးပေါင်းဆောင်ရွက်သွားမည့် အမှတ်တရအခိုက်အတန့်တစ်ခုပင် ဖြစ်ပါသည်။
✨မနက်ပိုင်းနှင့်ညနေပိုင်းပွဲစဉ်များအပြီးတွင်လည်း The Secretariat Yangon မှ စီစဉ်ပေးသော Guided Heritage Tour ဖြင့် တက်ရောက်သူများအား သမိုင်းဝင်နေရာများ လေ့လာခရီးစဉ်အား စီစဉ်ပေးခဲ့ပါသည်။
UMTA မှ မှတ်တမ်းတင်ကျေးဇူးတင်လွှာ
✨ Myanmar Traditional Marionette Puppet Show နှင့် ဈေးရောင်းပွဲတော်အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်ရန်အတွက် မျှော်မှန်းထားသည့် ရည်ရွယ်ချက်များပြည့်မီအောင် အစဉ်အမြဲ ပူးပေါင်းဆောင်ရွက် ပေးကြသည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အသင်းနာယကများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းထွန်း၊ UMTA EO များ၊ ရုံးအဖွဲ့ဝင်များ နှင့် IR Committee Members များ၊ ညီနောင်အသင်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများ၊ Sponsor ပံ့ပိုးပေးခဲ့ကြသူများနှင့် Booth ဖွင့်လှစ်ပြသခဲ့သူများ၊ Ticket များအား ဝယ်ယူပြီး ကြည့်ရှုအားပေးခဲ့ကြသူများ၊ The Secretariat Yangon မှ တာဝန်ရှိသူများ နှင့် ကြွရောက်ချီးမြှင့် အားပေးကြသည့်ပုဂ္ဂိုလ်များ အားလုံးကို UMTA မှ အသိအမှတ်ပြု ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

