


မြန်မာ့ရိုးရာသိုင်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို (၁၀-၁၁-၂၀၂၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) မှ တွဲဖက်အတွင်းရေးမှူး (၂) ဦးကျော်ဝင်းထွန်း နှင့် အလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်နှင်းဝတ်ရည်တို့က ကိုယ်စားပြုတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများထံသို့ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်ဖြစ်သည့် သိုင်းပညာကို ဆက်လက်မြှင့်တင်ပေးရန် နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းပျံ့နှံ့ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အားကစားများ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် UMTA အနေဖြင့် အစဉ်တစိုက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
#UMTA #MyanmarTraditionalThaing #TourismMyanmar

