UN tourism 01
UN tourism 02
UN tourism 03
UN tourism 04
 

⯑⯑⯑⯑ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) အထွေထွေညီလာခံ Tourise ခရီးသွားလုပ်ငန်းဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

⯑⯑⯑⯑ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးကျော်ဇေယျ နှင့် နေပြည်တော်ဇုန် ဥက္ကဋ္ဌ ဦးသိန်းထွေးတို့ ပါဝင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်မှ ကိုယ်စားလှယ်များနှင့် အတူ အရေးပါသော ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။

⯑⯑⯑⯑ အစည်းအဝေးအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘူတန်၊ နိုင်ဂျီးရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံများမှ ကိုယ်စားလှယ်များအပါအဝင် အခြားသော နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် အကြောင်းအရာများကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

⯑⯑⯑⯑ ဤအစည်းအဝေးသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အထူးအရေးပါသော နိုင်ငံတကာ ခရီးသွားဆက်သွယ်ဆောင်ရွက်မှု တစ်ခုဖြစ်ပြီး နိုင်ငံတကာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

#UNTourism #Tourise #MyanmarTourism #UMTA #Riyadh #SaudiArabia #TourismCollaboration

 




Our Members