pun hlaing estate 01
pun hlaing estate 02
 

၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က Pun Hlaing Golf Estate ၌ ကျင်းပခဲ့သော ဘရာဇီးပြည်ထောင်စုသမ္မတနိုင်ငံ၏ အမျိုးသားလွတ်လပ်ရေးနေ့ (၂၀၃)နှစ်မြောက် အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) မှ ဥက္ကဋ္ဌကိုယ်စား တွဲဖက်အတွင်းရေးမှူး(၂) ဦးကျော်ဝင်းထွန်းမှ တက်ရောက်ဂုဏ်ပြုခဲ့ပါသည်။

အခမ်းအနားကို မြန်မာနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့၏ တေးသီချင်းများဖြင့် စတင်ခဲ့ပြီး ဘရာဇီးသံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ညစာစားပွဲအခမ်းအနား ကျင်းပခဲ့ပြီး နှစ်နိုင်ငံခင်မင်ရင်းနှီးမှု ခိုင်မြဲစေရန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

UMTA အနေဖြင့် နိုင်ငံတကာဆက်ဆံရေး ခိုင်မာစေရန်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးချဲ့လျက်ရှိပါသည်။

 




Our Members